သင်၏ အကောင့်ဖွင့်မှုအောင်မြင်ပါသည်။ Email နှင့် Password များဖြည့်သွင်းပြီး Login ထပ်မံဝင်ရောက်ပါ။

စည်းမျဉ်းစည်းကမ်း သဘောတူညီချက်များ
(Terms of Services)

Chinese for all (CFA Group) ၏ Sai Hsai Kham E-learning Membership Program တွင် မန်ဘာဝင်ထားသူများအနေဖြင့် အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို သဘောတူညီထားပြီး ဖြစ်ပါသည်။

၁။ Register/Login ဝင်ရောက်ခြင်း။

မန်ဘာဝင်ရောက်ရန်အတွက် မိမိ၏ User Name / Mobile Phone Number / E-mail Address နှင့် Password ကို ဖြည့်သွင်းပြီးမှသာ Register/Login ဝင်ရောက်ရန် သဘောတူပါသည်။

၂။ မန်ဘာဝင်ရောက်ပြီး သင်ခန်းစာများ လေ့လာခြင်း။

မန်ဘာဝင်ရောက်ရန်အတွက် CFA Group မှ သတ်မှတ်ထားသော ငွေလွှဲပုံစံများဖြင့်သာ သင်တန်းကြေး ပေးသွင်းရန် သဘောတူပါသည်။

သင်ခန်းစာများကို မန်ဘာဝင်ရောက်သည့်နေ့မှစပြီး -နှစ် အတွင်းသာ ကြည့်ရှုခွင့်ရပါမည်။ မိမိ Register ပြုလုပ်စဉ် Website မှ တရားဝင် ခွင်ပြုပေးထားသော User Account တစ်ခုတည်းဖြင့်သာ မိမိတစ်ဦးတည်း လေ့လာကြည့်ရှုမည်ဖြစ်ပြီး၊ မိမိ၏ User Account ကိုသော်လည်းကောင်း၊ website နှင့်သက်ဆိုင်သော Password များကို သော်လည်းကောင်း အခြားသူများအား မျှဝေသုံးစွဲခွင့် မပြုရန် သဘောတူပါသည်။

**အထူးသတိပြုရန်မှာ သင်ခန်းစာများကို Website အတွင်း၌သာ လေ့လာနိုင်မည်ဖြစ်ပြီး၊ ဒေါင်းလုပ် (download) ဆွဲယူအသုံးပြုခွင့် လုံးဝခွင့်ပြုထားခြင်းမရှိပါ။

၃။ User Name နှင့် Password များ ပြောင်းလဲခြင်း။

မန်ဘာဝင်ထားသူများအနေဖြင့် Register ပြုလုပ်စဉ်က Website တွင် ဖြည့်သွင်းမှတ်ပုံတင်ထားသော User Name နှင့် Password ကိုသာ အသုံးပြုရမည်ဖြစ်ပြီး၊ မိမိသဘောဖြင့် ပြောင်းလဲသုံးစွဲခွင့်မရှိပါ။ အကယ်၍ ပြောင်းလဲသုံးစွဲလိုပါက Admin Team သို့ အကြောင်းကြားရမည်ဖြစ်ကြောင်း သဘောတူပါသည်။

၄။ Chinese for all (CFA Group) ၏ မူပိုင်ခွင့်များ။

Chinese for all (CFA Group) သည် Website / Page / Youtube နှင့် Application များတွင် မိမိတို့ အသုံးပြုမည့် ကုန်ပစ္စည်း အမှတ်တံဆိပ် အမည်အမှတ်အသားကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မိမိတစ်ဦးတည်း မူပိုင်အဖြစ် ပြုလုပ်သုံးစွဲရန် မှတ်ပုံတင်စာချုပ်အမှတ် ၄/၂၇၇၉၀ ဖြင့် ၆-၁၁-၂၀၁၉ ရက်တွင် တရားဝင် မှတ်ပုံတင်သွင်းထားပြီး၊ နိုင်ငံပိုင်သတင်းစာများမှတဆင့် မူပိုင်ခွင့်ဆိုင်ရာများကို ကြေငြာပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ Admin Team ၏ တရားဝင် ခွင့်ပြုချက်မရှိဘဲ Chinese for all (CFA Group) မှ သင်ခန်းစာများတွင် ပါဝင်သည့် အသံဖိုင်များ၊ ဗီဒီယိုဖိုင်များ၊ ရုပ်ပုံများ၊ စာဖိုင်များ (.pdf, .doc, .txt, .xlsx..etc)၊ အခြား data များကို ကူးယူခြင်း၊ ပြုပြင်ခြင်း၊ ပုံတူပွားခြင်း၊ ဖြန့်ဝေခြင်း၊ ပြန်လည် ဝေငှခြင်း၊ တဆင့်ခံ ပြန်လည်ရောင်းချခြင်းများ မပြုလုပ်ရန် သဘောတူပါသည်။

မန်ဘာဝင်နည်းလမ်းညွှန်

Q. Subscriber Level တွင် သင်ခန်းစာများကို စတင်လေ့လာနိုင်ပါသလား?
A. Account အသစ်ဖွင့်ပြီးသူတိုင်း Subscriber Level ကိုရရှိပါတယ်…. Subscriber Level တွင် သင်ခန်းစာများကို လေ့လာလို့မရနိုင်သေးပါ… မန်ဘာကြေးပေးသွင်းပြီးမှသာ လေ့လာနိုင်ပါလိမ့်မယ်… အောက်ဖော်ပြပါအချက်အလက်များကို ဆက်လက်ဖတ်ရှုပါ…

Q. User Account ဖွင့်ပြီးရင် မန်ဘာဘယ်လိုဝင်ရမှာလဲ?
A. ပထမဦးစွာ (Simple, Gold, Platinum, Diamond) Member Plan များကို တစ်ခုချင်းစီ နှိပ်၍ဖွင့်ကြည့်ပြီး ပါဝင်သောသင်ခန်းစာများကို ကြည့်ရှုပါ…

Q. Member Plan လေးမျိုးကဘာကွာခြားသလဲ?
A. သင်ခန်းစာအရေအတွက် ကွာခြားခြင်း၊ Grammar အပိုင်းတွင် Level ခွဲထားခြင်း၊ Special Course ရွေးချယ်နိုင်ခွင့် အရေအတွက် ကွာခြားခြင်း စသည်ဖြင့်…

Q. အခုမှ စလေ့လာရင် ဘယ်လို Member Plan ကိုရွေးချယ်သင့်သလဲ?
A. မည်သည့် Plan တွင်မဆို အခြေခံမှ စတင်လေ့လာနိုင်သော သင်ခန်းစာများ ထည့်သွင်းထားသဖြင့် မိမိစိတ်ကြိုက် Member Plan ကို ရွေးချယ်နိုင်ပါသည်။ ယခုမှ စတင်လေ့လာလိုသူများအနေဖြင့် Special Course ရွေးချယ်မှုအပိုင်း၌ P1(Pinyin) ကိုသာ ဦးစားပေးရွေးချယ်သင့်ပါတယ်…

Q. Special Course ဆိုတာ ဘာလဲ?
A. အဓိက စတင်လေ့လာရမယ့် သင်ရိုးတွေကို Special Course လို့ခေါ်တာပါ…ဥပမာ အခုမှ စတင်လေ့လာမယ့်သူတွေ အတွက်ဆိုရင် P1(Pinyin) ကိုရွေးသင့်ပါ တယ်။ Pinyin ကိုကျေညက်ပြီးသားသူတွေက စကားပြောကို ဦးစားပေးလေ့လာချင်ရင် TS1(Thinking & Speaking) ကိုရွေးချယ်သင့်သလို အရေးအဖတ် စိတ်ဝင်စားသူတွေကတော့ W1(Writing Practice) ကိုရွေးသင့်ပြီး သဒ္ဒါပိုင်း လေ့လာလိုသူတွေကတော့ G1(Grammar Patterns) စသဖြင့်ရွေးချယ်သင့်ပါတယ်…

Q. Special Course တွေကို ဘယ်နှစ်ခုရွေးချယ်ခွင့်ရှိသလဲ?
A. Simple Member အနေဖြင့် (P1, TS1, W1, G1) လေးခုထဲမှ နှစ်သက်ရာ (၁)ခုကို ရွေးချယ်နိုင်ပါတယ်။ Gold Member အနေဖြင့် နှစ်သက်ရာ (၂)ခု၊ Platinum Member အနေဖြင့် နှစ်သက်ရာ (၃)ခု၊ Diamond Member အနေဖြင့် Special Course (၄)ခုလုံးကို ရွေးချယ် ရယူခွင့်ရှိပါတယ်…

Q. Member Plan နဲ့ Special Course ကိုရွေးချယ်ပြီးပါက ဘယ်လိုမျိုး ဆက်သွယ်ဝယ်ယူရမှာလဲ?
A.
  • (၁) Messenger/ Viber မှ ဆက်သွယ်၍ ဝယ်ယူခြင်း။ ရွေးချယ်ထားသော Member Plan, Special Course နှင့်အတူ မိမိ၏ User Account ကို Screenshot ရိုက်ပြီး Messenger/ Viber မှ ပို့ပေးပါ…
  • (၂) မိမိဘာသာ Form ဖြည့်ပြီး ဝယ်ယူခြင်း။ Member Plan တခုချင်းစီရှိ ညာဘက်အပေါ်ထောင့်မှ Get Now ခလုတ်ကိုနှိပ်၍ Order Form တွင် အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းပြီး တိုက်ရိုက် ဝယ်ယူနိုင်ပါတယ်…
မည်သည့် Member Plan မဆို Member စတင်ဝင်ရောက်သည့်နေ့မှ (၁)နှစ်တိတိ သင်ခန်းစာများကိုလေ့လာခွင့်ရှိပါတယ်… ဆက်လက်လေ့လာ လိုပါက Member အဆင့်မြှင့်တင်နိုင်ပါတယ်…

အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက Contact မှ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။