စည်းမျဉ်းစည်းကမ်း သဘောတူညီချက်များ
(Terms of Services)

Chinese for all (CFA Group) ၏ Sai Hsai Kham E-learning Membership Program တွင် မန်ဘာဝင်ထားသူများအနေဖြင့် အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို သဘောတူညီထားပြီး ဖြစ်ပါသည်။

၁။ Register/Login ဝင်ရောက်ခြင်း။

မန်ဘာဝင်ရောက်ရန်အတွက် မိမိ၏ User Name / Mobile Phone Number / E-mail Address နှင့် Password ကို ဖြည့်သွင်းပြီးမှသာ Register/Login ဝင်ရောက်ရန် သဘောတူပါသည်။

၂။ မန်ဘာဝင်ရောက်ပြီး သင်ခန်းစာများ လေ့လာခြင်း။

မန်ဘာဝင်ရောက်ရန်အတွက် CFA Group မှ သတ်မှတ်ထားသော ငွေလွှဲပုံစံများဖြင့်သာ သင်တန်းကြေး ပေးသွင်းရန် သဘောတူပါသည်။

သင်ခန်းစာများကို မန်ဘာဝင်ရောက်သည့်နေ့မှစပြီး ၁-နှစ် အတွင်းသာ ကြည့်ရှုခွင့်ရပါမည်။ မိမိ Register ပြုလုပ်စဉ် Website မှ တရားဝင် ခွင်ပြုပေးထားသော User Account တစ်ခုတည်းဖြင့်သာ မိမိတစ်ဦးတည်း လေ့လာကြည့်ရှုမည်ဖြစ်ပြီး၊ မိမိ၏ User Account ကိုသော်လည်းကောင်း၊ website နှင့်သက်ဆိုင်သော Password များကို သော်လည်းကောင်း အခြားသူများအား မျှဝေသုံးစွဲခွင့် မပြုရန် သဘောတူပါသည်။

**အထူးသတိပြုရန်မှာ သင်ခန်းစာများကို Website အတွင်း၌သာ လေ့လာနိုင်မည်ဖြစ်ပြီး၊ ဒေါင်းလုပ် (download) ဆွဲယူအသုံးပြုခွင့် လုံးဝခွင့်ပြုထားခြင်းမရှိပါ။

၃။ User Name နှင့် Password များ ပြောင်းလဲခြင်း။

မန်ဘာဝင်ထားသူများအနေဖြင့် Register ပြုလုပ်စဉ်က Website တွင် ဖြည့်သွင်းမှတ်ပုံတင်ထားသော User Name နှင့် Password ကိုသာ အသုံးပြုရမည်ဖြစ်ပြီး၊ မိမိသဘောဖြင့် ပြောင်းလဲသုံးစွဲခွင့်မရှိပါ။ အကယ်၍ ပြောင်းလဲသုံးစွဲလိုပါက Admin Team သို့ အကြောင်းကြားရမည်ဖြစ်ကြောင်း သဘောတူပါသည်။

၄။ Chinese for all (CFA Group) ၏ မူပိုင်ခွင့်များ။

Chinese for all (CFA Group) သည် Website / Page / Youtube နှင့် Application များတွင် မိမိတို့ အသုံးပြုမည့် ကုန်ပစ္စည်း အမှတ်တံဆိပ် အမည်အမှတ်အသားကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မိမိတစ်ဦးတည်း မူပိုင်အဖြစ် ပြုလုပ်သုံးစွဲရန် မှတ်ပုံတင်စာချုပ်အမှတ် ၄/၂၇၇၉၀ ဖြင့် ၆-၁၁-၂၀၁၉ ရက်တွင် တရားဝင် မှတ်ပုံတင်သွင်းထားပြီး၊ နိုင်ငံပိုင်သတင်းစာများမှတဆင့် မူပိုင်ခွင့်ဆိုင်ရာများကို ကြေငြာပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ Admin Team ၏ တရားဝင် ခွင့်ပြုချက်မရှိဘဲ Chinese for all (CFA Group) မှ သင်ခန်းစာများတွင် ပါဝင်သည့် အသံဖိုင်များ၊ ဗီဒီယိုဖိုင်များ၊ ရုပ်ပုံများ၊ စာဖိုင်များ (.pdf, .doc, .txt, .xlsx..etc)၊ အခြား data များကို ကူးယူခြင်း၊ ပြုပြင်ခြင်း၊ ပုံတူပွားခြင်း၊ ဖြန့်ဝေခြင်း၊ ပြန်လည် ဝေငှခြင်း၊ တဆင့်ခံ ပြန်လည်ရောင်းချခြင်းများ မပြုလုပ်ရန် သဘောတူပါသည်။