About CFA Group
CFA Group သည် ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘာသာဗေဒဆိုင်ရာ သုတေသနပြုလုပ်ခြင်းနှင့် သင်ကြားပို့ချခြင်းများကို ယနေ့အချိန်ထိ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
မျက်မှောက်ခေတ်တွင် လူမှုစီးပွားနယ်ပယ်များ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ဘာသာစကားအခန်း ကဏ္ဍမှာလည်း ပိုမိုအရေးပါလာသဖြင့် CFA Group အနေဖြင့် နည်းပညာ ကဏ္ဍကိုပါ အားဖြည့်ပြီး ဘာသာစကားသင်ကြားရေး အစီအစဉ်များကို ပိုမိုအားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။
CFA Group သည် ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘာသာဗေဒဆိုင်ရာ သုတေသနပြုလုပ်ခြင်းနှင့် သင်ကြားပို့ချခြင်းများကို ယနေ့အချိန်ထိ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါ သည်။
မျက်မှောက်ခေတ်တွင် လူမှုစီးပွားနယ်ပယ်များ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ဘာသာစကားအခန်း ကဏ္ဍမှာလည်း ပိုမိုအရေးပါလာသဖြင့် CFA Group အနေဖြင့် နည်းပညာ ကဏ္ဍကိုပါ အားဖြည့်ပြီး ဘာသာစကားသင်ကြားရေး အစီအစဉ်များကို ပိုမိုအားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။
ရည်ရွယ်ချက်
တရုတ်ဘာသာစကားကို လေ့လာရာတွင် သင်တန်းလာတက်ရန် အချိန်မပေးနိုင်သူများနှင့် နိုင်ငံရပ်ခြားနယ်ဝေးမှ လေ့လာလိုသူများ အားလုံးအဆင်ပြေစေရန်အတွက် CFA Group မှ E-learning သင်ခန်းစာများကို အောက်ပါသင်ရိုးများဖြင့် ပို့ချပေးလျက်ရှိပါသည်။
အခြေခံသဒ္ဒါနှင့် အဆင့်မြင့်သဒ္ဒါ
အခြေခံသဒ္ဒါနှင့် အဆင့်မြင့်သဒ္ဒါ သင်ခန်းစာများမှာ တရုတ်ဘာသာလေ့လာနေကြသူများအတွက် လွန်စွာ အထောက်အကူပြုပေးနိုင်သည့် သင်ခန်းစာများဖြစ်ပါသည်။ ဤသင်ခန်းစာများကို လေ့လာသင်ယူခြင်းဖြင့် မိမိတို့ ကိုယ်တိုင် ဝါကျများကိုတည်ဆောက်တတ်လာစေခြင်း၊ စကားလုံးအထားအသိုများ၊ ဝေါဟာရအသုံးအနှုန်းများကို စနစ်တကျနားလည်လာစေခြင်းစသည့်အကျိုးကျေးဇူးများကို အချိန်တိုအတွင်း ရရှိလာစေပါလိမ့်မည်။
စကားပြောနှင့် ဝေါဟာရသင်ခန်းစာများ
စကားပြောနှင့် ဝေါဟာရသင်ခန်းစာများတွင် အခြေခံအကျဆုံးနှင့် အသုံးအများဆုံး နေ့စဉ်သုံးစကားစုများ၊ ဝေါဟာရများကို စုစည်းဖော်ပြပေးထားပါသည်။ ဤသင်ခန်းစာများကို လေ့လာခြင်းဖြင့် နေ့စဉ်လူနေမှုဘဝထဲမှ ပြောပုံဆိုပုံများ၊ မသိမဖြစ်ဝေါဟာရများကို မှတ်သားရာတွင် များစွာအထောက်အကူပြုပေးပါလိမ့်မည်။
အရေး၊ အဖတ်၊ အသံထွက်သင်ခန်းစာများ
အရေး၊ အဖတ်၊ အသံထွက် သင်ခန်းစာများတွင် အခြေခံအကျဆုံး စုတ်ချက်ဆွဲနည်းများမှ တဆင့်ချင်းစတင်ကာ တရုတ်စာလုံးများကို စနစ်တကျရေးသားနိုင်ပြီး တရုတ်စာကို အချိန်တိုအတွင်းဖတ်နိုင်သည်အထိ အထောက်အကူပြုပေးပါလိမ့်မည်။ အသံထွက် (Pinyin) သင်ခန်းစာများကို လေ့လာခြင်းဖြင့် မိမိ၏ တရုတ်အသံထွက်ကို ပီသမှန်ကန်စွာ ထွက်နိုင်စေရန် အထောက်အကူပြုပေးပါလိမ့်မည်။
HSK (တရုတ်ဘာသာ အရည်အချင်းစစ် စာမေးပွဲ)
HSK (တရုတ်ဘာသာ အရည်အချင်းစစ် စာမေးပွဲ) သင်ခန်းစာများတွင် Level အလိုက် သင်ခန်းစာများကို လေ့လာနိုင်ပါသည်။ အဓိကအားဖြင့် ကျက်မှတ်ရမည့် မြန်မာဘာသာ ပြန်ဆိုထားသော ဝေါဟာရများနှင့် မသိမဖြစ် သဒ္ဒါပုံစံများကို စနစ်တကျ ရှင်းပြပေးထားသဖြင့် HSK စာမေးပွဲများဖြေဆိုရာတွင် များစွာအထောက်အကူဖြစ်စေပါလိမ့်မည်။
ဘာသာစကားလေ့လာနေကြသူများအနေဖြင့်လည်း CFA Group နှင့် ယုံကြည်စွာ လက်တွဲခြင်းဖြင့် မိမိတို့၏ ဘာသာစကားအခက်အခဲများကို အောင်မြင်စွာကျော်လွှားနိုင်ပြီး တောက်ပ သော အနာဂါတ် နေ့သစ်များဆီသို့ ပျော်ရွှင်စွာ တက်လှမ်းနိုင်လိမ့်မည်ဟု အထူးပင်ယုံကြည်မိပါသည်။
Sai Hsai Kham's Admin Team
Pyinnya Soe
Founder & principal lecturer
Sandar Win
Chief Account
Yan Paing Soe
Chief Web Officer
Thae Su Thaw
Senior Graphic Designer
What Our Students Have to Say
Join Our 5852 Happy Students Today!
Chinese language E-learning Program တွင် ယုံကြည်စိတ်ချစွာ တက်ရောက်သင်ယူနေသော ကျောင်းသားအရေအတွက်များမှာ တနေ့တခြား ပိုမိုများပြားလာနေပါသည်။ သင်တို့ရော ယခုအချိန်ထိ တွေဝေနေဆဲပဲလား။ ကျွန်ုပ်တို့နှင့်အတူ လက်တွဲခြင်းဖြင့် သင်တို့၏ တရုတ်ဘာသာစကား လိုအပ်ချက်များကို ချက်ချင်းဖြည့်ဆည်းလိုက်ပါ။ တရုတ်ဘာသာစကားကို စနစ်တကျ တတ်မြောက်စေရန် ကျွန်ုပ်တို့မှ တာဝန်ယူပါရစေ....